စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်အရောင်းအဝယ် ဖြစ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  အောက်တိုဘာလ တတိဠပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင်  ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ၆၁၀၀၀၀၀ ကျပ်၊ ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၆၅၀၀၀ ကျပ်၊ ရွှေဝါထွန်း(နွေ) စပါးတင်း ၁၀၀ လျှင် ၂၈၀၀၀၀၀ ကျပ်၊ ဆန်(၂၄)ပြည်တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ရွှေဝါထွန်းသည် ဈေးငြိမ်နေကြောင်း  ကြောင်းသိရ သည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ၃၇၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၁၂၀၀၀၀ ကျပ်၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၄၂၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၁၅၀၀၀၀ ကျပ်၊ ရောင်းချလျက်ရှိပြီး ဧရာမင်းဆန်များ အသစ်များ ဝင်ရောက်လာသောကြောင့် ဈေးငြိမ်နေကြောင်း သိရသည်။

        ကသာခရိုင်တွင်  ဆင်း-၃ စပါး တင်း ၁၀၀ လျှင် ၂၁၀၀၀၀၀ ကျပ်၊ ၂၄ ပြည်ပါ ဆန်တစ်အိတ် လျှင် ၉၀၀၀၀ ကျပ်၊ မှော်ဘီ-၂ စပါးတင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်၊ ၂၄ ပြည်ပါ ဆန်တစ်အိတ် ၈၅၀၀၀ ကျပ်၊ ဧရာမင်း စပါး တင်း ၁၀၀ လျှင် ၄၀၀၀၀၀၀ ကျပ်၊ ၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          စစ်ကိုင်းခရိုင်တွင်   ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ၆၀၀၀၀၀၀ ကျပ်၊ ပေါ်ဆန်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ်၊ ဧရာမင်း စပါးတင်း ၁၀၀ လျှင် ၃၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်၊ မနောသုခ စပါးတင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ရက်(၉၀) တင်း ၁၀၀ လျှင်  ၂၀၀၀၀၀၀ ကျပ်၊ ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်းစပါး တင်း ၁၀၀ လျှင် ၄၀၀၀၀၀၀ ကျပ်၊  ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၈၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ၆၂၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ်၊ မနောသုခ စပါး  တင်း ၁၀၀ လျှင် ၃၀၀၀၀၀၀ ကျပ်၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ရွှေဝါထွန်းစပါး တင်း ၁၀၀ လျှင် ၂၈၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ပြည် တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ရက် (၉၀)   စပါး တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀ ကျပ်၊ ၂၄ ပြည်ပါ  ဆန်တစ်အိတ်လျှင် ၁၀၀၀၀၀  ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)