“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အချိုရည်များ ဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အချိုရည်အမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချနေခြင်းရှိ/ မရှိ အောက်တိုဘာလ(၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက် ကုန်ပစ္စည်းရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းတစ်ခုဖြစ်သော အချိုရည်အမှတ် တံဆိပ်အမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စံချိန်စံညွှန်းကိုက်ညီမှုမရှိသော အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်မပါရှိသော အချိုရည်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အချိုရည်များနှင့် သက်တမ်းကုန်ဆုံးနေသော သက်တမ်းလွန် အချိုရည်အမျိုးမျိုးတို့အား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာ အစိုးရဌာနများမှ တားမြစ်ထားသော အချိုရည်များ ဖြန့်ဖြူးရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)