ကရင်ပြည်နယ်ဒေသထွက် မုန်လာဥဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

 

          ကရင်ပြည်နယ်ဒေသအတွင်းရှိ စိုက်ပျိုးရေးဒေသများမှ ထွက်ရှိသော ဒေသထွက် မုန်လာဥဖြူ များသည် ဈေးကွက်အတွင်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ပို့ကုန်နှင့်ဒေသတွင်းစားသုံးမှု လိုအပ် ချက်မြင့်မားမှုများကြောင့် ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိကြောင်း ဒေသခံစိုက်ပျိုး တောင်သူများထံမှ သိရသည်။ ယခုနှစ်တွင် စိုက်ပျိုးရေးစရိတ်များအနည်းငယ် မြင့်တက်ခဲ့သော် လည်း ရာသီဥတု မျှတမှုကြောင့် မုန်လာဥဖြူအထွက်နှုန်းမှာ ကောင်းမွန်လျက်ရှိသည်။ လက်ရှိ ဘားအံမြို့ မြို့မဈေးနှင့်အခြားမြို့နယ်ဈေးများတွင်ပါ  အရွယ်အစားအလိုက် မုန်လာဥဖြူ တစ်စည်း လျှင် (၁၅၀၀၊၂၅၀၀)ကျပ် အထိ ဈေးပေါက်နေပြီး၊ မုန်လာဥဖြူ (၁၀စီး)ပါ အစည်းကြီး တစ်စည်းလျှင် (၈၀၀၀၊၁၂၀၀၀)ကျပ် ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် စိုက် ပျိုးစရိတ် ကျခံထားရသည်များကို ကာမိသည့်အပြင် အမြတ်အစွန်းသင့်တင့်စွာရရှိကြောင်း၊ ကရင် ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့်ဂျိုင်းမြစ်ဝှမ်း ဒေသများတွင်  မုန်လာဥဖြူကို စီးပွားဖြစ်အများဆုံး စိုက်ပျိုးကြကြောင်း၊ အဓိကအားဖြင့် ဒေသတွင်စားသုံးရန်နှင့် ရန်ကုန်၊ မော်လမြိုင် အစရှိသည့် အိမ်နီးချင်း မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံတောင်သူ များထံမှ သိရသည်။

DOCA(ကရင်)