
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများသည် စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး စားသုံးသူပြည်သူများ နေ့စဉ်လိုအပ်ချက်အရ ဝယ်ယူစားသုံးမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော နေ့စဉ်သုံး အခြေခံစားသောက်ကုန်များ၏ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ဧရာမင်းဆန်(၁)ပြည်လျှင် ၆၂၅၀ ကျပ်၊ စားအုန်ဆီ တစ်ပိဿာလျှင် ၉၁၄၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာ လျှင် ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်နှင့် ကုလားပဲခြမ်းတစ်ပြည်လျှင် ၉၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခင်အပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်၊ ငရုတ်သီးခြောက်၊ ကုလားပဲခြမ်းတို့မှာ ပစ္စည်းအဝင်ပုံမှန်ရှိသည့်အတွက် ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ကြက်သွန်ဖြူ(ရှမ်း)၊ ကြက်သွန်နီနှင့် ကြက်သား(CP)မှာ ဒေသတွင်းမွေးမြူရေးခြံများမှ ပုံမှန်ထွက်ရှိနေသဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်း မြို့မဈေးရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
