
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့်အတည်ပြု ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် တိုင်ကြားလာပါက ဥပဒေနှင့်အညီညှိနှိုင်းဖြေရှင်းအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးမြို့၊ MRCCI ခန်းမ၌ (၂-၁၀-၂၀၂၆) ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်၌ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ၊စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်များရှိ ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဆရာ/မ များနှင့် ဥပဒေ ဒေါက်တာမဟာဘွဲ့တက်ရောက်နေသော ကျောင်းသား / သူများ၊ မန္တလေးတိုင်းဒေသကြီး စားသုံး သူရေးရာကော်မတီဝင်များ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၉၂) ဦး တက်ရောက် ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ( မူကြမ်း) ကို ဖြည့်စွက်ရှင်းလင်းတင်ပြခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ( မူကြမ်း) ကိုရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာကြသော ဧည့်သည်တော်များမှ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။
DOCA(မန္တလေး)
