ဆေးဆိုင်များတွင်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း”

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား အဆမတန်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ် ကြပ် မတ်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာ ခရိုင်ဦး စီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၅.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၄:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြဝတီ ရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဆေးဆိုင်လိုင်စင် သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများ အား စစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင် ရောင်းချ ခြင်းရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထား ခြင်း ရှိ/မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့် ဝတ်တို့နှင့်အညီ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)