
( ၁၅.၉.၂၀၂၆ ) ရက်နေ့တွင် ကလေးမြို့၊ ဖောင်ကူးကျေးရွာရှိ ပြည်သူ ( ၆၂ )ဦးတို့အား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့သည် နံနက်( ၀၉:၀၀ ) နာရီအချိန်တွင် သွားရောက်၍ စားသုံးသူအသိ ပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဖောင်ကူးကျေးရွာရှိပြည်သူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂ / ၂၀၁၉အရ အစားအသောက် ဝယ်ယူရာတွင် ကုန်စည်အုပ်စု အလိုက် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ညွှန်ကြားချက်များနှင့်အညီ ရွှေးချယ်ဝယ်ယူစားသုံး ကြရန်၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် သက်တမ်းလွန်ဆေးဝါးများ၊ အစားအစာများအား ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဆီစားသုံးမှုလျော့ချရေးနှင့် ဆီအလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်လာနိုင် သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ အကြောင်းပြောကြားပြီး အခြားဌာနဆိုင်ရာများမှလည်း မိမိတို့ ဌာနများနှင့် ပတ်သက်သည့် အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို (၁၁:၀၀) နာရီ အချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)
