
ဧရာဝတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ကွမ်းကို တစ်နိုင်တစ်ပိုင် ကွမ်းစိုက်ခြံများရှိပြီး နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုး လျက်ရှိကြောင်း ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ စိုက်ပျိုးကြကြောင်း၊ မိုးရာသီးတွင် အထူးပိုမိုဂရုတစ်စိုက် စိုက်ပျိုးကြပြီး ဆောင်ရာသီတွင် ပိုမိုအထွက်နှုန်းပိုကောင်းကြောင်း၊ စိုက်ပျိုးသည့် ဧက ၀.၂၅ ဧကတွင် စိုက်ပျိုး ကြောင်း ကွမ်းစိုက်တောင်သူက ပြောပြသည်။ ကွမ်းအမျိုးအစားများမှာ ယာ ကွမ်းရွက်ကြီးကို စိုက်ပျိုးကြကြောင်း သိရသည်။
ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းမျိုး(ကွမ်းအညွန့်)များကို တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၁၅၀ ဖြင့် ဝယ်ယူကာ တစ်ဧက၏ လေးပုံတစ်ပုံခန့်(၀.၂၅ဧက)အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၅၅၀၀ ခန့် စိုက်ပျိုးရကြောင်း၊ မြေအနေ အထားနှင့် ကွမ်းညွန့် မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ အနည်ဆုံး သုံးနှစ်ခန့်အထိ ခူးဆွတ် ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ လေးပုံ တစ်ပုံခန့်(၀.၂၅ဧက)လျှင် ငွေကျပ် ၅၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ကွမ်းရွက်ကို တလ နှစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူး ဆွတ်လျှင် ၁၀၀ ပိဿာခန့် ထွက်ရှိရာ ကွမ်းခြံသိမ်းချိန်ထိ ပိဿာချိန် ၁၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ ဖြင့်ဈေးရပြီး ကွမ်းဈေးနှုန်း အပြောင်းအလဲ ပေါ်တွင်လည်း မူတည်၍ အကျိုးအမြတ်ရရှိကြောင်း၊ သိရသည်။
DOCA (ဧရာဝတီ)
