တောင်သူအကျိုးအမြတ်ရရှိသော မိုးဦးပဲစဉ်းငုံပင်များအောင်မြင်စွာဖြစ်ထွန်းနေကြောင်း

Powered by Drupal

           မြင်းခြံခရိုင်၊ တောင်သာမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိ၍ မိုးကောင်း သောက်ယာမြေများတွင် ဆီထွက်သီးနှံ၊ ပြောင်း၊ ကြက်သွန်နီသီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးဦး ပဲစဉ်းငုံသီးနှံများကို ကန်နီရွာ၊ ကန်မြဲရွာ၊ ကြာပို့ရွာ၊ ချောင်းဆုံရွာ၊ ‌ဆုံကုန်းရွာ၊ ဇရပ်ကြီးရွာနှင့် လှည်းကူးမတို့တွင် အများဆုံးစိုက်ပျိုးကြောင်း၊  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တောင်သာမြို့နယ်၌ ပဲစဉ်းငုံစိုက်ပျိုးရန်လျာထား (၂၀၀၀၀) ဧကတွင် စိုက်ပျိုးပြီးဧက (၁၈၈၀၇)ဧက စိုက်ပျိုး ထားကြောင်း၊ အနည်းငယ်စိုက်ပျိုးရန် ကျန်ရှိသော ဧကများ စက်တင်ဘာလကုန်အထိ ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှသိရှိရသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး ၊ ရွှေဝါရောင်လုံးသေး ဒင်္ဂါးမျိုးများကိုအများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၄၀၀၀၀၀)ကျပ် ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့်(၁၃)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ တောင်သူ အကျိုးအမြတ်အနေဖြင့် (၇)သိန်းကျပ်ခန့် ရရှိကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသော ကြောင့် ပဲစဉ်ငုံပင်များ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊  ဆက်လက်၍ ရာသီဥတု ကောင်းမွန ်ပါက အထွက်နှုန်းကောင်းနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ ပဲစဉ်းငုံသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျ စရိတ်သက်သာ၍ နှစ်စဉ်‌တောင်သူ အကျိုးအမြတ်ရရှိသောသီးနှံဖြစ်ကြောင်း၊  ချောင်းဆုံရွာမှ ပဲစဉ်းငုံစိုက်တောင်သူ တစ်ဦး၏ပြောပြချက်အရသိရှိရသည်။ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ တတိယ ပတ်တွင် ပဲစဉ်းငုံနီတစ်တင်းလျှင်(၁၁၀၀၀၀)ကျပ် စျေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် တောင်သူများမှာ တောင်သာမြို့ ရှိပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ ရောင်းချ လျက်ရှိကြောင်း၊ ထိုပွဲရုံများမှတဆင့် မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ပခုက္ကူမြို့များသို့ တင်ပို့ရောင်း ချကြောင်း ‌တောင်သာပွဲရုံများမှ သိရှိရသည်။

DOCa(မန္တလေး)