ပြည်မြို့ရှိ မတ်ပဲဈေးကွက်

Powered by Drupal

         မတ်ပဲသည် ပြည်မြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မဖြစ်မနေ စိုက်ပျိုးကြသော အဓိက စီးပွားဖြစ် စိုက်ပျိုးသီးနှံတစ်မျိုး ဖြစ်သည်။ မတ်ပဲပင်သည် စပါးရိတ်သိမ်းပြီးနောက် လယ်ယာ မြေများတွင် သီးထပ်အဖြစ် လွယ်ကူစွာ စိုက်ပျိုးနိုင်သော ပဲမျိုးဆက် ဖြစ်သည်။ ပြည်ဒေသထွက် မတ်ပဲသည် အစေ့အဆန် ပြည့်ဝပြီး အရည်အသွေးကောင်းမွန်သောကြောင့် စီးပွားရေးအရ လွန်စွာ အရေးပါလှသည်။ မတ်ပဲကို မြန်မာ့ရိုးရာမုန့်များ၊ မုန့်ဟင်းခါးနှင့် ပဲအမျိုးမျိုး ပြုလုပ်ရာတွင် အသုံး ပြုကြသည့်အပြင် ပြည်ပသို့ အဓိက တင်ပို့ရသော သီးနှံလည်းဖြစ်သည်။ မတ်ပဲတွင် ပရိုတင်း ဓာတ်နှင့် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အာဟာရတန်ဖိုးမြင့်မားသည်။ ယခင်က မတ်ပဲ တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ မှ ၈၀,၀၀၀ အတွင်းသာ ရှိခဲ့သော်လည်း ယခုအခါ ပြည်ပ ဝယ်လိုအားနှင့် စေျးကွက်အခြေအနေများကြောင့် တစ်တင်းလျှင် ကျပ် ၁၃၀,၀၀၀ မှ ၁၅၀,၀၀၀ ဝန်းကျင်အထိ စျေးနှုန်းများမြင့်တက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် မတ်ပဲသည် စိုက်ပျိုးရလွယ်ကူပြီး စျေးကွက်ဝယ်လိုအား ခိုင်မာသောကြောင့် ပြည်မြို့ရှိ တောင်သူများ အတွက် ပုံမှန်ဝင်ငွေ ရရှိစေသော အားထားရာ သီးနှံတစ်မျိုး ဖြစ်ပါသည်။

DOCA(ပဲခူး)