ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးထွက်ရှိနေသော ခရမ်းကျွတ်သီး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် ခရမ်းကြွပ်သီး (မြုပ်ခရမ်းသီး) ကို နှစ်စဉ် ၆,၅၇၉ ဧက စိုက်ပျိုးလျက်ရှိသည်။ ဇွန်လတွင် စတင်စိုက်ပျိုးပြီး (၂) လအကြာတွင် စတင်ဆွတ်ခူးရရှိကာ တစ်ဧကလျှင် အလုံးရေ ၅၀,၀၀၀ ခန့် ထွက်ရှိပြီး ဒေသတွင်းနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည်။ မိသားစု တစ်ပိုင်တစ်နိုင်အပြင် စီးပွားဖြစ်ပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။

          ခရမ်းကြွပ်သီး စိုက်ပျိုးရာတွင် ပဒေသာခရမ်းကြွပ် (ထိုင်ဝမ်) မျိုးများကို အသုံးပြု၍ ဘောင်ခတ် ကာ အတန်းလိုက် စနစ်တကျ စိုက်ပျိုးကြကြောင်း သိရသည်။ မျိုး၊ စိုက်ပျိုးရေးသွင်းအားစုနှင့် လုပ်သားခများအပါအဝင် တစ်ဧက စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ် ၁၅ သိန်းခန့် ရှိကြောင်း သိရ သည်။ စိုက်ပျိုးပြီးနောက် ခရမ်းကြွပ်သီးများကို ၅ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး အသီး ကုန်ချိန် အထိ စုစုပေါင်း ၅ လခန့် ခူးဆွတ်ရကြောင်း သိရသည်။ တစ်ဧကလျှင် ခရမ်းကြွပ်သီး အလုံးရေ ၅၀,၀၀၀ ခန့် ထွက်ရှိနိုင်ကြောင်း ဈေးနှုန်းအနေဖြင့် ခရမ်းကျွတ်သီး ၁၀လုံးလျှင် ၅၀၀ကျပ်ဖြင့် ဈေးကွက် အတွင်းလက်လီရောင်းချနေပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁ဧကလျှင့် ၁၀သိန်း ကျန်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

           ခရမ်းကြွပ်သီးသည် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သင့်တင့်ပြီး အကြိမ်ကြိမ်ခူး ဆွတ်ရောင်းချနိုင် သည့်အတွက် ဈေးကွက်ဝယ်လိုအားနှင့် ကိုက်ညီပါက တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိနိုင် သည့် သီးနှံတစ်မျိုးဖြစ်ရာ ဒေသခံတောင်သူများက နှစ်စဉ် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)