
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ (၁၀.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ “Zin Aein Clothing (ဇင်အိမ် အဝတ်အထည်)”ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ လုပ်ငန်းနှင့် အမှတ်(၅)ရပ်ကွက်ရှိ “Shwe Phyu Shwebo Paw San (ရွှေဖြူ ရွှေဘိုပေါ်ဆန်မွှေး)” စားသောက်ကုန်ပစ္စည်းများ လုပ်ငန်းများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် တွေ့ရှိချက်များကို Online Sale Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် သတ်မှတ်နှုန်းထားများ၊ Online Saleမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
