ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာ

Powered by Drupal

           အော်ဒါအသစ်များရရှိမှု အားကောင်းလာခြင်းကြောင့် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုပမာဏသည် ၂၀၂၆ ခုနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့ပြီး ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှုလည်း ဆက်လက်အရှိန်ရလာခဲ့ကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

         S&P Global ၏ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ ဝယ်ယူရေးမန်နေဂျာများညွှန်းကိန်း (PMI) သည် ဇွန်လတွင် ၅၃.၆ ရှိခဲ့ရာမှ ဇူလိုင်လတွင် ၅၄.၂ သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ဒီဇင်ဘာလနောက်ပိုင်း အမြန်ဆုံးနှုန်းထားသို့ ရောက်ရှိလာခဲ့ရာ လုပ်ငန်းလည်ပတ်မှု အခြေအနေများ ယေဘုယျအားဖြင့် တိုးတက်ကောင်းမွန်လာသည်ကို ညွှန်ပြနေသည်။

          PMI ညွှန်းကိန်း ၅၀ ထက်ကျော်လွန်ပါက ကုန်စည်ထုတ်လုပ်သည့်ကဏ္ဍ တိုးတက်မှုကို ညွှန်ပြပြီး ၅၀ အောက်ရောက်ရှိပါက ဆုတ်ယုတ်မှုကို ဖော်ပြသည်။ လေးလတာကာလအတွင်း အမြန်ဆုံးနှုန်းထားဖြင့် အော်ဒါအသစ်များ တိုးတက်ဝင်ရောက်လာခြင်းက ထိုင်းထုတ်လုပ်သူများ ကြုံတွေ့နေရသည့် အခြေခံဝယ်လိုအား အခြေအနေများ ဘက်ပေါင်းစုံမှ ကောင်းမွန်လာသည်ကို ညွှန်ပြနေသည်။ စာရင်းဇယားကောက်ယူခဲ့သည့် ကုမ္ပဏီများက ဝယ်ယူသူပိုမိုများပြားလာခြင်းနှင့် အော်ဒါအမှာစာပမာဏ ပိုမိုကြီးမားလာခြင်းတို့ကို သတင်းပို့ခဲ့ကြကြောင်း S&P Global က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

           S&P Global Market Intelligence ၏ စီးပွားရေးဆိုင်ရာ တွဲဖက်ဒါရိုက်တာ Phil Smith က ကုန်ကြမ်းနှင့် အထွေထွေကုန်ကျစရိတ်များ ပြောင်းလဲမှုမရှိသလောက် နည်းပါးသော်လည်း ထွက်ရှိလာသည့် ကုန်စည်စျေးနှုန်းများမှာ လေးလဆက်တိုက် မြင့်တက်ခဲ့သည်။ ကောင်းမွန်သော ဝယ်လိုအားအခြေအနေများကြောင့် လုပ်ငန်းများအနေဖြင့် အမြတ်ရာခိုင်နှုန်းကို မြှင့်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)