ကျောက်ပန်းတောင်းမြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် စားအုန်းဆီဖြန့်ဖြူး ရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများသည် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူး ရောင်းချသည့်ဆိုင်များတွင် သတ်မှတ်စည်ကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိနှင့် တစ်အိမ် ထောင်စုလျှင် စားအုန်းဆီ နှစ်ပိဿာငါးဆယ်ကျပ်သားနှုန်းတိုးမြှင့်ရောင်းပေးခြင်းရှိ/မရှိတို့ကို ဇူလိုင်လ ၂၇ ရက်နေ့ ၊ မွန်းလွဲ ၀၁:၀၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကျောက်ပန်းတောင်းမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များသည် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချ သည့် အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ၍ ဖြန့်ဖြူး ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိနှင့် ဆီစားအုပ်များကို စနစ်တကျထုတ်ပေးခြင်း၊ ခွဲတမ်းအရ ရရှိသော ဆီပိဿာချိန်ကို ဌာနမှသတ်မှတ်ထားသော မှန်(၆)မှန်နှင့်အညီပြည်သူများအား အမှန်တကယ်ရောင်းချပေးခြင်းရှိ/မရှိတို့ကို ကိုယ်စားလှယ်အရောင်းဆိုင်များဖြစ်သည့် တမ္ပဝတီရပ် ကွက်ရှိ ကျောက်ပန်းတောင်းပလာဇာမှ အရောင်းဆိုင်တစ်ဆိုင်၊ ဈေးကွက်သစ်ရပ်ကွက်မှ အရောင်း ဆိုင်သုံးဆိုင် စုစုပေါင်း(၇)တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အရောင်းကိုယ်စားလှယ်တာဝန်ခံများနှင့် စားသုံးသူပြည်သူများအား ရောင်းချမှု/ဝယ်ယူရရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်း ခဲ့ကြသည်။

          ကျောက်ပန်းတောင်းမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စု(၇၂၃၇၈)စု တို့အား ယခင်ကတည်းက ဆီထုတ်စာအုပ်များ စနစ်တကျပြုလုပ်ရောင်းချနေခြင်းဖြစ်ပြီး ယခင်က တစ်အိမ်ထောင်လျှင် နှစ်ပိဿာနှုန်းသာရောင်းချပေးရာမှ ယခုဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ တစ်အိမ်ထောင်စုလျှင် နှစ်ပိဿာငါးဆယ်ကျပ်သားနှုန်းဖြင့် တိုးမြှင့်ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)