
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း စားအုန်းဆီရရှိမှုနှင့် ပြန်လည်ဖြန့်ဖြူး ရောင်းချမှုလုပ်ငန်းများကို စားသုံးသူများထံ မျှတစွာရောက်ရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်အရ ဇူလိုင်လအတွင်း တိုင်းရင်းသားစာသင်ဆရာ/ဆရာမများအား တစ်ဦးလျှင် စားအုန်းဆီ (၁) ပိသာနှုန်းဖြင့် ရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ထမ်းများနှင့် ပြည်သူလူထုများအားလည်း စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရက်များအတွင်း စနစ်တကျ ထုတ်ယူဝယ်ယူနိုင်စေရန် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်မှ စားအုန်းဆီရရှိမှု၊ ဖြန့်ဖြူးရောင်းချမှု၊ အကျိုးခံစားခွင့်ရှိသူ လူဦးရေစာရင်းနှင့် ရောင်းချပြီးစီးမှုစာရင်းဇယားများကို တိကျမှန်ကန်စွာပြုစုနိုင်ရေး၊ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုစည်းတင်ပြနိုင်ရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနက အနီးကပ် ကြပ်မတ်လမ်းညွှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် စားအုန်းဆီများကို သတ်မှတ်အကျိုးခံစားခွင့်ရှိသူများထံ မျှတမှန်ကန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စားသုံးသူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
