
မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်များ၏ ၂၀၂၅-၂၀၂၆ ခုနှစ်ထွက် မိုး/နွေစပါးနှင့် ဆန်ဈေးနှုန်းများကို ကွင်းဆင်းစုံစမ်းခဲ့ရာ လက်ရှိဈေးကွက်အတွင်း တည်ငြိမ်စွာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးချက်များအရ မအူပင်မြို့နယ်တွင် (၄၆)ပေါင် စပါးတင်း (၁၀၀)ဈေးနှုန်းမှာ ပေါ်ဆန်းစပါး (၃,၀၃၆,၀၀၀)ကျပ်၊ ဧည့်မထ(မိုး) (၂,၀၂၄,၀၀၀) ကျပ်နှင့် ဧည့်မထ(နွေ) (၂,၀၂၄,၀၀၀) ကျပ်ဖြစ်ပြီး (၁၀၈)ပေါင် ဆန်(၁)အိတ်ဈေးနှုန်းမှာ ပေါ်ဆန်းဆန် (၁၅၆,၀၀၀)ကျပ်၊ ဧည့်မထ(မိုး)လတ်စ (၈၅,၀၀၀)ကျပ်နှင့် ဧည့်မထ(နွေ)လတ်စ (၇၅,၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် (၄၆)ပေါင် စပါးတင်း(၁၀၀)ဈေးနှုန်းမှာ ပေါ်ဆန်းစပါး (၃,၀၃၆,၀၀၀) ကျပ်၊ ဧည့်မထ(မိုး) (၂,၀၂၄,၀၀၀)ကျပ်နှင့် ဧည့်မထ(နွေ) (၂,၀၃၃,၂၀၀)ကျပ်ဖြစ်ပြီး၊ (၁၀၈)ပေါင် ဆန်(၁)အိတ်ဈေးနှုန်းမှာ ပေါ်ဆန်းဆန် (၁၅၆,၅၀၀)ကျပ်၊ ဧည့်မထ(မိုး)လတ်စ (၈၅,၅၀၀)ကျပ်နှင့် ဧည့်မထ(နွေ)လတ်စ (၇၅,၅၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် (၄၆)ပေါင် စပါးတင်း(၁၀၀)ဈေးနှုန်းမှာ ပေါ်ဆန်းစပါး (၃,၀၃၆,၀၀၀) ကျပ်၊ ဧည့်မထ(မိုး) (၂,၀၅၁,၆၀၀)ကျပ်နှင့် ဧည့်မထ(နွေ) (၁,၉၉၆,၄၀၀)ကျပ်ဖြစ်ပြီး၊ (၁၀၈)ပေါင် ဆန်(၁)အိတ်ဈေးနှုန်းမှာ ပေါ်ဆန်းဆန် (၁၅၇,၅၀၀)ကျပ်၊ ဧည့်မထ(မိုး)လတ်စ (၈၆,၀၀၀)ကျပ်နှင့် ဧည့်မထ(နွေ)လတ်စ (၇၆,၀၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် (၄၆)ပေါင် စပါးတင်း(၁၀၀)ဈေးနှုန်းမှာ ပေါ်ဆန်းစပါး (၃,၀၃၆,၀၀၀)ကျပ်၊ ဧည့်မထ(မိုး) (၂,၀၅၁,၆၀၀)ကျပ်နှင့် ဧည့်မထ(နွေ) (၁,၉၇၈,၀၀၀)ကျပ်ဖြစ်ပြီး၊ (၁၀၈)ပေါင် ဆန်(၁)အိတ် ဈေးနှုန်းမှာ ပေါ်ဆန်းဆန် (၁၅၇,၅၀၀)ကျပ်၊ ဧည့်မထ(မိုး)လတ်စ (၈၆,၅၀၀)ကျပ်နှင့် ဧည့်မထ(နွေ) လတ်စ (၇၆,၅၀၀)ကျပ်ဖြစ်ကြောင်း ကွင်းဆင်းစုံစမ်းသိရှိရသည်။
သက်ဆိုင်ရာမြို့နယ်များမှ ရရှိသည့် ဈေးကွက်အချက်အလက်များအရ မအူပင်ခရိုင်အတွင်း စပါးနှင့်ဆန်များ လုံလောက်စွာ ထွက်ရှိလျက်ရှိပြီး ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ် ဖြစ်ပေါ်နေသဖြင့် လက်ရှိဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
