
(၁၃.၇.၂၀၂၆) ရက်နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ ထက်မြက်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မိတ်ဖက်ဌာန/ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ဇော်ဦး ဦးစီးအရာရှိမှ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အခြေခံအသိပညာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ လုံခြုံစိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်သုံးစွဲနိုင်ရေး၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ၊ ထုတ်လုပ်သည့်နေ့စွဲနှင့် သက်တမ်းကုန်ဆုံးရက်တို့ကို စိစစ်ဖတ်ရှုဝယ်ယူသုံးစွဲရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့ပြင် စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာရောင်းချရန်၊ သက်တမ်းလွန် စားသောက်ကုန်များမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၄၂၀)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာများ တိုးပွားရရှိစေရန်ရည်ရွယ်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
