
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ကံဆင့်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ တူရွင်းဘိုးရွာ၊ ကျားတိုင်းရွာနှင့် သင်ပြွန်းရွာတို့တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးကြောင်း၊ မြင်းခြံဈေးကွက်၌ ဆောင်းကြက်သွန်နီသည် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၄၀၀၀၀)ပိဿာခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။
၂၀၂၆ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် မြင်းခြံကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် (၃၆၀၀-၃၈၀၀)ကျပ်၊ အလတ်စ (၃၃၀၀-၃၅၀၀) ကျပ်၊ အသေးစ (၂၇၀၀-၃၂၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ကြက်သွန်နီကြီးစတစ်ပိဿာလျှင် (၄၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်( (၃၅၀) ကျပ်၊ အသေးစတစ်ပိဿာလျှင် (၂၅၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ကြောင်း၊ တစ်အိတ်လျှင်ကုန်ချိန်ပိဿာဝင် (၃၀) အိတ်များဖြင့် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့ကြောင်း၊ ဆောင်းကြက်သွန်နီသီးနှံသည် သိုလှောင်ရာတွင် တာရှည်ခံသလို စားသုံးရာတွင် နူးညံ့သောကြောင့် ဈေးကွက်၌ ဝယ်လက်များသဖြင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း၊ ကုန်သည်များထံမှ သိရှိရ ပါသည်။
DOCA(မန္တလေး)
