အိန္ဒိယနိုင်ငံမှ ဒီဇယ်နှင့် လောင်စာဆီများ တင်ပို့မှုအပေါ် အမြတ်ခွန် တိုးမြှင့်ကောက်ခံ

Powered by Drupal

          အိန္ဒိယနိုင်ငံ၏ အစိုးရသည် ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ နှစ်ပတ်တာကာလအတွက် ဒီဇယ်နှင့် လောင်စာဆီများ တင်ပိုမှုအပေါ်အမြတ်ခွန်နှုန်းထားများကို တိုးမြှင့်လိုက်ကြောင်း သိရပြီး ဓာတ်ဆီတင်ပို့မှုအတွက်များမှာ လက်ရှိအခွန်နှုန်းထားအတိုင်း ဆက်လက်ထားရှိသည်ဖြစ် ကြောင်း သိရပါသည်။

          ယခုလို ပြောင်းလဲမှုအရ ဒီဇယ်တင်ပို့မှုအပေါ်အထူး အပိုဆောင်းကောက်ခံသည့်အခွန် (SAED)ကို တစ်လီတာလျှင် ၁၃.၅ ရူပီးမှ ၁၄ ရူပီးသို့လည်းကောင်း၊ လောင်စာဆီတစ်လီတာလျှင် ၉.၅ ရူပီးမှ ၁၂.၅ ရူပီးသို့လည်းကောင်း အသီးသီးတိုးမြှင့်လိုက်ပြီး ဓာတ်ဆီတင်ပို့မှုအပေါ်ကောက်ခံသည့် အခွန်နှုန်းထားမှာ တစ်လီတာလျှင် ၁.၅ ရူပီးနှုန်းဖြင့် ပြောင်းလဲမှုမရှိဘဲ ဆက်လက်တည်ရှိ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

        ထို့အပြင် ပြည်တွင်းအသုံးပြုခြင်းအတွက် ဖြန့်ဖြူးသည့် ဓာတ်ဆီနှင့် ဒီဇယ်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများမှာလည်း ယခင်အတိုင်းသာဖြစ်ကြောင်း အတည်ပြုဖော်ပြထားပြီး အမြတ်ခွန်နှုန်းထားများ ကောက်ခံရသည့် ရည်ရွယ်ချက်မှာ အနောက်အာရှဒေသအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာမှုအပေါ် အခြေခံကာ အိန္ဒိယနိုင်ငံ၏ အစိုးရမှ ယခုလို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံတကာဈေးနှုန်း ကွာဟချက်အပေါ် အခွင့်အရေးယူခြင်းမျိုး မဖြစ်ပေါ်စေရန်နှင့် ပြည်တွင်း၌ လောင်စာဆီများ လုံလောက်စွာ ရရှိစေရန်အတွက် မတ်လ ၂၆ ရက်နေ့မှ စတင်ကာ ထိုအမြတ်ခွန်နှုန်းထားများကို စတင် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး နိုင်ငံ၏ လောင်စာဆီ ဖူလုံမှုကို ထိန်းသိမ်းရန်အတွက် အဆိုပါအခွန်နှုန်းထားများကို နှစ်ပတ်တစ်ကြိမ် ပုံမှန်သုံးသပ် ပြင်ဆင်လျက်ရှိကြောင်း‌ သိရှိရပါသည်။

Source: Zee News

DOCA(ရန်ကုန်)