ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်အတွင်း အသိပညာပေးဟောပြောပွဲနှင့် တွဲလျက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း လုပ်ငန်းများကို လျာထားချက်ပြည့်မီစွာ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ (၄.၆.၂၀၂၆)ရက်နေ့နှင့် (၅.၆.၂၀၂၆) ရက်နေ့တွင် ဓနုဖြူမြို့နယ် ရွှေကူ (အ.ထ.က-၁) (အ.ထ.က-၂) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးက (အ.ထ.က-၂) ရွှေကူ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးရာ မုန့်ဆိုင်တွင် ရောင်းချသောမုန့်များအား ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိမရှိနှင့် မိုးတွင်းကာလဖြစ်၍ ဝမ်းပျက်ဝမ်းလျောစေမည့် အစားအစာများကိုမရောင်းချရန်၊ ယဉ်မနားစေရေး သတိပြုရောင်းချရန်နှင့် မုန့်ဈေးတန်းပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုလုပ်ဆောင်ရန်တို့ကို ကျောင်းမုန့်ဆိုင်(၁၃)ဆိုင်အား နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် စစ်ဆေးခဲ့ပြီး (၅.၆.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်(အ.ထ.က-၁)ရွှေကူကျောင်းမုန့်ဈေး တန်းဆိုင်(၁၁) ဆိုင်အားစစ်ဆေးရာ မုန့်ဆိုင်တွင် ရောင်းချသောမုန့်များအား ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိမရှိနှင့် ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA ခွင့်ပြုချက် ရှိ/မရှိ၊ ရက်လွန်မုန့် များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသို ရောင်းချခြင်းရှိ/ မရှိ၊မုန့်များကို ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်း၊ တားမြစ်ကုန်စည်များရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)