
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၈.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီကိုယ်စားလှယ် ဦးအေးဝင်း၏ ခြံဝင်းအတွင်း၌ စက်မှုလုပ်ငန်းသုံး ဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီ ထုတ်ယူရရှိရေးပေါင်းစပ်ညှိနိုင်းရေးအဖွဲ့မှ ခွဲဝေပေးသော စားအုန်းဆီများအား လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ် လုပ်ငန်းတွင် အသုံးပြုကြရန်နှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများမပြုလုပ်ကြရန် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း အချိန်မှီငွေပေးသွင်းမှု ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
