အိန္ဒိယနိုင်ငံတွင် ကုန်စည်အဝင်နည်းပါးမှုကြောင့် ကုလားပဲနှင့် ပဲစင်းငုံဈေးနှုန်းအလားအလာ ကောင်းမွန်

Powered by Drupal

    ပြည်တွင်းသို့ ပဲအသစ်များ ဈေးကွက်ဝင်ရောက်မှုလျော့နည်းလာခြင်းနှင့် တင်သွင်းမှု နှေး ကွေးလာနိုင်ခြေများအပေါ် စိုးရိမ်မှုများကြောင့် ကုလားပဲနှင့် ပဲစင်းငုံဈေးနှုန်းများ မကြာမီကာလ အတွင်း ခိုင်မာစွာ တည်ငြိမ်နေနိုင်သော်လည်း မတ်ပဲမှာ သီးနှံသစ်များ ဈေးကွက်ဝင်ရောက်မှု ကြောင့် ဈေးနှုန်းကျဆင်းနိုင်မည့် ဖိအားရှိနေကြောင်း  အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများ အသင်း (IPGA) ပြောကြားချက်အရ သိရသည်။

    ကုလားပဲဈေးနှုန်းများသည် ပြည်တွင်းသီးနှံဝင်ရောက်မှု နှေးကွေးလာခြင်းကြောင့် ဈေး နှုန်း အကန့်အသတ်အတွင်း ရှိနေသော်လည်း ခိုင်မာသည့် အနေအထားဖြင့် ဆက်လက်တည်ရှိ မည်ဟု အဆိုပါအသင်းကခန့်မှန်းထားသည်။ သွင်းကုန်ဈေးနှုန်း တွက်ခြေမကိုက်မှုကြောင့် သွင်း ကုန် ပိုမိုကျပ်တည်းလာနိုင်ခြင်း၊ ရူပီးငွေတန်ဖိုးကျဆင်းခြင်းနှင့် သင်္ဘောပို့ဆောင်စရိတ်မြင့်မားခြင်း တို့အပေါ် စိုးရိမ်ပူပန်မှုများကလည်း စျေးနှုန်းများကို ဆက်လက် အထောက်အပံ့ဖြစ်စေမည်ဟု လည်း မျှော်လင့်ရသည်။ အစိုးရ၏ အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ဖြင့် ဝယ်ယူမှုအားကောင်း နေခြင်းမှာလည်း ဈေးကွက်ယုံကြည်မှုကို မြှင့်တင်ပေးနေကြောင်း၊ ကုလားပဲခွဲခြမ်းနှင့် ကုလားပဲ မှုန့်အတွက် ဝယ်လိုအားမှာ လက်ရှိအချိန်တွင် အလယ်အလတ်သာရှိသော်လည်း မိုးရာသီ စတင်ပြီး နောက် ပိုမိုကောင်းမွန်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရသည်။

   Indore မြို့တွင် ကုလားပဲဈေးနှုန်းသည် စနေနေ့ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၂၅၀ မြင့်တက်ကာ ရူပီး ၆,၁၀၀ မှ ၆,၁၅၀ အထိ ရောက်ရှိခဲ့သည်။ ပြည်တွင်း လက်ကျန်ပမာဏ လျော့နည်းလာခြင်းနှင့် သင်္ဘောပို့ဆောင်စရိတ် မြင့်မားမှုကြောင့် တင်သွင်းမှု များ ကန့်သတ်ထားဆဲဖြစ်သဖြင့် ပဲစင်းငုံဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း ထားသည်။

   IPGA ၏ အဆိုအရ သီးနှံအများစုမှာ ဈေးကွက်ထဲသို့ ရောင်းချပြီးဖြစ်ကာ ကျန်ရှိသော လက်ကျန်များကို လယ်သမားများနှင့် အစိုးရအဖွဲ့အစည်းများက အဓိကကိုင်ဆောင်ထားကြ သည်။ အယ်နီညိုဖြစ်ပေါ်နိုင်ခြေကြောင့် မိုးရေချိန် ပုံမှန်ထက်နည်းနိုင်မည်ဟု မျှော်လင့်ရခြင်းနှင့် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၈,၄၅၀ ဖြစ်သည့် အခြေခံရည်ညွှန်းဈေးနှုန်းမြင့်မားခြင်းတို့ကလည်း ဈေးကွက်ယုံကြည်မှုကို ထောက်ပံ့ပေးနေကြောင်း သိရသည်။ မတ်ပဲအနေဖြင့် မဒ္ဒရာပရာဒေ့ရှ်နှင့် ဂူဂျာရတ်ပြည်နယ်များမှ သီးနှံသစ်များ အလုံးအရင်းဝင်ရောက်လာခြင်းနှင့်အတူ အဓိကစားသုံး သည့်ဒေသများတွင် ဝယ်လိုအားလျော့နည်းနေခြင်းတို့ကြောင့် စျေးနှုန်းကျဆင်းလာနိုင်ကြောင်း သိ ရှိရသည်။

Source: Informist, 26 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)