မြိတ်မြို့၊ Malar Village စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ၂၀၂၆ခုနှစ်၊ မေလ(၈)ရက်နေ့တွင်  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ Malar Village စားသောက် ကုန်လုပ်ငန်းရှင်နှင့် ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်မှ မိမိ တို့ဌာနအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စားသုံးသူဘေးကင်းမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များအားရှင်းလင်းခြင်း၊ ထုတ်ကုန်စိတ်ချစေရေး တို့အတွက် သက်ဆိုင်ရာထောက်ခံချက်များရှိနေစေရေးနှင့် ဘေးအန္တရာယ်ကင်းစေရေးအလေးထား ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)