
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၄-၅-၂၀၂၆)ရက်နေ့ တွင် “ မြစိမ်း ” စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့်ဆိုင်၊“ရွှေတံခွန်အိမ်ခြံမြေအကျိုးဆောင်၊ အခြားဝန်ဆောင်မှုများ၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများနှင့် ဆောက်လုပ်ရေးဝန်ဆောင်မှု ” လုပ်ငန်းများ၊“ လပြည့်ဝန်းအီလက်ထေရာနစ် ” ဆိုင်၊“K Fashion & Beauty Corner” ကေဖက်ရှင်နှင့် အလှကုန်အရောင်းဆိုင်လုပ်ငန်းနှင့် “တိုင်းချစ် အီလက်ထရောနစ်” ပစ္စည်းများရောင်းချခြင်းလုပ်ငန်း သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
