
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံအစည်းအဝေးခန်း၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇၊ ၂၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ ညနေ(၁၄:၀၀)အချိန်ထိ (၂)ရက်တိုင်တိုင် ပြည်နယ်ဦးစီးမှူး၊ ဦးမိုးညွန့်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူးကဆောင်၍ စားသုံးသူဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ၂/ ၂၀၂၆ အားကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းသင်တန်းသူ/သား ဝန်ထမ်း ( ၁၆ )ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း သည် သင်တန်းနှင့်မကင်း အမြဲတစေကြိုးစားလေ့လာသင်ယူခြင်း၊ ရုံးလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း တက်ရောက်ရမည်ဖြစ်သည်။ ယခု စားသုံးသူဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ၂/ ၂၀၂၆ သင်တန်းသည် ၂၀၂၆ ခုနှစ် ခန့် အပ်ထားသည့် အငယ်တန်းစာရေးများနှင့်နေ့စားဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် လုပ်ငန်းများကိုဘာသာရပ်အလိုက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) က ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဘာသာရပ်ကိုသင်ကြား ပို့ချရာတွင် ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပို့ချပါ သည်။ ဒေါ်နော်ကြူကြူ(ဦးစီးမှူး)က စီမံရေးရာဌာနခွဲ ရုံးစာရေးသားနည်းဘာသာရပ်ကို သင်ကြားရာတွင် ရုံးလုပ်ငန်းသဘောတရား အခန်း(၁)တွင်ပါဝင်သော ရည်ရွယ်ချက်၊ ရုံးလုပ်ငန်း အဓိပ္ပာယ်၊ ပင်မလုပ်ငန်း ၊ အထောက်အကူပြုရုံးလုပ်ငန်း၊ အဖွဲ့အစည်း၊ ဆက်စပ်မှုရှိခြင်း၊ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်မှု၊ ပြီးပြည့်စုံသောရုံးလုပ်ငန်းစသည်တို့ကို အသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး ငွေစာရင်းဘာသာရပ်ကို ဆက်လက်သင်ကြားရာတွင် ဝန်ထမ်းများ၏ လုပ်သက်ခွင့်လစာ၊ တာဝန် ချိန်၊ နောက်ဆုံးထုတ်လစာတွက်ချက် ရေးဆွဲမှုအားပို့ချခဲ့ပါသည်။ ဦးမြင့်စိုး(ဒုတိယဦးစီးမှူး)က ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်အား သင်ကြားရာတွင်သီးနှံ အထွက်နှုန်း ၊ တစ်ဧကကုန်ကျစရိတ်၊ တောင်သူများအကျိုးအမြတ်၊ ပဲ၊ ပြောင်း၊ နှမ်း၊ စပါးတို့ တင်း၊ တန် ဖွဲ့ခြင်းများကို သင်ကြားပို့ချခဲ့ပါသည်။
ဦးကျော်ဇင်ထွေး(ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ ဘာသာရပ်ကို သင် ကြားပို့ချရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)ပါအမည်၊ စတင် အာဏာတည် ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ၊ ဥပဒေအခန်း(၁၈)ပါ ပြဌာန်းချက်များကို ရှင်းလင်းသင်ကြား ပို့ချခဲ့ပါသည်။ ဆက်လက်ပြီး ဒေါ်အေးအေးမော်(ဌာနခွဲစာရေး)က သတင်းအချက်အလက်နည်း ပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ ဘာသာရပ်ကို သင်ကြားရာတွင် ဌာန၏ Website ဖြစ် တဲ့ www.doca.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ရေး၊ ကွင်းဆင်းသတင်း၊ ဟောပြောပွဲသတင်း၊ သင်တန်း၊အလုပ်ရုံဆွေးနွေးပွဲသတင်းရေးသားရာတွင်ပါဝင်ရမည့်အချက်များ၊ ဆောင်းပါးရေးသား ရာတွင် ရှောင်ကျဉ်ရမည်အချက်များ၊ ပါဝင်ရေးသားရမည့်အချက်များကို ရှင်းလင်းသင်ကြားပို့ချခဲ့ ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ ၁၆ : ၀၀ အချိန်တွင် ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက သင်တန်းဆင်းပွဲတွင် အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းသစ်များအနေဖြင့် ရုံလုပ်ငန်းများကို ကြိုးစားလေ့လာသင်ယူ မှတ်သားသွားကြရန် အမှာစကားပြောကြားပြီး စားသုံးသူဆိုင်ရာ အသိ ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ၂/ ၂၀၂၆ သင်တန်းအား အောင်မြင်စွာပြီးမြောက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)
