ကန့်ဘလူမြို့နယ်တွင် အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ အဖွဲ့စုံဖြင့် ကွင်းဆင်းဆွေးနွေး

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး စသည့် ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားခြင်း ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ တာဝန်ခံဦးမျိုးဝင်းသန်းက အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့်အထောက်အထားများ၊ ကြိုတင်ပြင်ဆင်သင့်သည့်အချက်အလက်များ၊ လျှောက်ထားရန်အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သက်ဆိုင်ရာဌာနများကလည်း လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)