မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂.၄.၂၀၂၆)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များတွင်  ခွင့်ပြုချက်မရှိသောဆေးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆေးဆိုင်များတွင် ရောင်းချနေသော အိမ်သုံးဆေးအရောင်းဆိုင် ပိုင်ရှင်များအား စားသုံးသူပြည်သူများသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ဆေးဝါးပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ဆိုင်ရှင်များအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်များ၊ဥပဒေများအားလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)