လွိုင်ကော်မြို့ “ဖရဲသီး”ဈေးနှုန်းဈေးကွက်

Powered by Drupal

           ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်နှင့်ဒီးမောဆိုခရိုင်များရှိ ဒေသခံတောင်သူများ၏ အဓိက စီးပွားရေးမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါသည်။ ကယားပြည်နယ်သည် တောင်ကုန်းတောင် တန်းထူထပ်သော်လည်း လွိုင်ကော်နှင့်ဒီးမောဆိုလွင်ပြင်ဒေသများသည် စိုက်ပျိုးရေး အောင်မြင်ဖြစ် ထွန်းသောဒေသများဖြစ်သည်။ထိုဒေသများတွင် ဖရဲသီးကို ဆောင်းအကုန်နွေအကူး ကာလများ၌ အားထား စိုက်ပျိုးကြပါသည်။ ဖရဲသီးစိုက်ပျိုးမှုသည် ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ကာလတိုအတွင်း ဝင်ငွေရရှိစေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကယားပြည်နယ် အ တွင်းရှိမြေလတ်ပိုင်းဒေသများသည် ဖရဲသီးစိုက်ပျိုးရန် သင့်တော်သော မြေဆီလွှာနှင့် ရာသီဥတုရှိ သောကြောင့် လွိုင်ကော်နှင့်ဒီမောဆိုမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစု အပိုဝင်ငွေရရှိရန်ဖရဲသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။အထူးသဖြင့်နွေရာသီတွင် အထွက်နှုန်း ကောင်းမွန်ပြီးအရည်သွေးပြည့်ဝသည့် ဒေသထွက်ဖရဲသီးများသည် ဈေးကွက်အတွင်း လူကြိုက် များလျက်ရှိပါသည်။ ဖရဲသီးကိုဒီဇင်ဘာလနှင့်ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့် ဧပြီလတွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်သည်။ ဖရဲသီးကိုအဓိကအားဖြင့် နည်းလမ်း (၂) မျိုးဖြင့် စိုက် ပျိုးနိုင်ပါသည်။ကျင်းတူးပြီး နွားချေး ၊မြေဩဇာထည့်ကာ တစ်ကျင်းလျှင် (၂)စေ့ခန့် စိုက် ပျိုးခြင်းနှင့် မြေကိုဘောင်တင်ပြီး ပလတ်စတစ် အုပ်ကာစိုက်ပျိုးခြင်းဖြစ်ပါသည်။ လက်ရှိတွင် ဒေသတွင်း စား သုံးမှုသာမက ရှမ်းပြည်နယ်တောင်ပိုင်းဈေးကွက်များသို့လည်း တင်ပို့ရောင်းချ လျက်ရှိပါသည်။ ကယားပြည်နယ်ဒေသထွက်ဖရဲသီးသည် အခွံမှာအစိမ်းရင့်ရောင်၊ အတွင်းသားအနီရောင်ရှိပြီး အား သာချက်မှာ အလုံးသေးငယ်ပြီးအသားမပွဘဲ ကြွပ်ရွနေတက်ပါသည်။ အအေးဓာတ်ရှိသော ဒေသ ဖြစ်သည့်အတွက် သကြားဓာတ်စုဆောင်းမှု ကောင်းပြီး အရသာ အလွန်ချိုပါသည်။ အရွယ်အစား အားဖြင့် ဒေသတွင်းစားသုံးမှုအတွက် အလုံးအသေး၊ အလတ်စားနှင့်အလုံးကြီးမျိုးကိုပါ စိုက်ပျိုး ကြ ပါသည်။လွိုင်ကော်ဈေးကွက်အတွင်း ဖရဲသီးအကြီး (၁)လုံး လျှင် ၂,၅၀၀ ကျပ်မှ ၄,၀၀၀ ကျပ်ဝန်း ကျင်အထိရှိပြီး အလုံးသေးများကိုမူ၁,၅၀၀ကျပ်ဝန်းကျင်ခန့်ဖြင့် ရောင်းချလျက်ရှိသည်ကို ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)