ဖိလစ်ပိုင်၏ အသားတင်သွင်းမှု ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာ

Powered by Drupal

           ဖိလစ်ပိုင်နိုင်ငံရှိ အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စားသောက်ဆိုင်များမှ ဝယ်လိုအားမြင့်မားလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အသားတင်သွင်းမှုသည် ဖေဖော်ဝါရီလတွင် ဒုတိယလအဖြစ် ၅၀ ရာခိုင်နှုန်းနီးပါးအထိ ထပ်မံမြင့်တက်လာခဲ့ကြောင်း သိရသည်။

        ဖိလစ်ပိုင် တိရစ္ဆာန်မွေးမြူရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း ကုန်သည်များသည် အသားတန်ချိန် စုစုပေါင်း ၁၄၈.၂၆ သန်း တင်သွင်းခဲ့ပြီး ၄၈.၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ဝက်သား:တင်သွင်းမှု ၄၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ချိန် ၇၆.၈၂ သန်း ရှိခဲ့သည်။ ၎င်းမှာ စုစုပေါင်း အသားတင်သွင်းမှု၏ ၅၁.၈ ရာခိုင်နှုန်းဖြစ်သည်။ ကြက်သားတင်သွင်းမှု ၅၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၄၉.၂၂ သန်း (စုစုပေါင်း၏ ၃၃.၂ ရာခိုင်နှုန်း) ရှိခဲ့သည်။

        အသားတင်သွင်းသူများနှင့် ကုန်သည်များအသင်း (MITA) ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Jesus Cham က ဝက်သားတင်သွင်းမှုဟာ ဆက်တိုက်မြင့်တက်နေပြီး ဒါဟာတင်သွင်းသူတွေရဲ့ ယုံကြည်မှုကို ပြသနေတာဖြစ်တယ် ဟု ပြောကြားခဲ့သည်။ ထို့ပြင် ကြက်သားအပိုင်းအစများ တင်သွင်းမှုပိုမိုများပြားလာခြင်းက အစားအသောက် ဝန်ဆောင်မှုကဏ္ဍတွင် အလားအလာ ကောင်းများရှိနေကြောင်း ညွှန်းဆိုနေသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          အမဲသားတင်သွင်းမှုသည် ၄၃.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၁၇.၉၆ သန်း ရှိခဲ့သည်။ အဓိကအားဖြင့် အာဂျင်တီးနား၊ ပါရာဂွေးနှင့် ဥရုဂွေး စသည့် တောင်အမေရိက နိုင်ငံများမှ တင်သွင်းခြင်း ဖြစ်သည်။

           အဓိက တင်ပို့သည့် နိုင်ငံများအနေဖြင့် ဘရာဇီးနိုင်ငံသည် ဈေးကွက်ဝေစု ၉၆.၁ ရာခိုင်နှုန်း ဖြင့် ပထမနေရာတွင် ရှိနေသည်။ အမေရိကန်နိုင်ငံသည် ၂၃.၅ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ စပိန်နိုင်ငံက  ၁၄.၉၉ ရာခိုင်နှုန်းဖြင့် တတိယ အသီးသီးရပ်တည်လျက်ရှိသည်။

         ကျွဲသားတင်သွင်းမှုသည် ၁၁၃ ရာခိုင်နှုန်းကျော် အထိ သိသိသာသာ ထိုးတက်သွားခဲ့ပြီး တန်ချိန် ၄ သန်း ရှိခဲ့သည်။ ၎င်းမှာ အသားထုတ်လုပ်မှု လုပ်ငန်းများ တိုးချဲ့ရန် ပြင်ဆင်နေခြင်းကို ပြသနေသည်။ ထို့အတူ ဘဲသားတင်သွင်းမှုသည်လည်း ပုံမှန်ထက် ထူးထူးခြားခြား များပြားနေပြီး ဈေးကွက်သစ်တစ်ခု ဖော်ဆောင်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း Cham က သုံးသပ်ထားကြောင်း သိရှိရပါသည်။

Source : INQUIRER.NET

DOCA (ရန်ကုန်)