သလိပ်ကြီးကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

              ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးက သလိပ်ကြီးကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ စားသုံးရန် သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သတ်သိရှိလိုသည်များကို မည်သူမဆို Call Centre 1535 သို့ မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)