ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးအဓိက စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၊ ညနေ (၁၆:၃၀)နာရီအချိန်တွင်၊ မြိတ်မြို့သို့တင်ပို့မည့် ဆန် တင်ထားသောရေယာဉ်အား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဌာန ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လ.ဝ.က ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်အသင်း စသည့်ပူးပေါင်းအဖွဲ့သည် (MV -မြမြမွန် ) ရေယာဉ်ပေါ်တွင် ပေါ်ဆန်းဆန်အိတ်များ၊ ဧည့်မထဆန်အိတ်များ သယ်ယူဆောင်ရွက်ခြင်း၊ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ယူဆောင်ရွက်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့်ညီညွှတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)