
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင်ပဲမျိုးစုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပဲမျိုးစုံထဲတွင် ပဲယင်း သီးနှံကို မြစ်ခြေ နှင့် ရေစကြို မြို့နယ်များတွင် အဓိက စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် မြစ်ခြေဒေသမှ စိုက်ပျိုးသော ပဲယင်းနီ များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူခရိုင် တွင် ပဲယင်းနီ စိုက်ပျိုး ဧက (၁၀၀၀)ကျော် ရှိပြီးပခုက္ကူ ၊ရေစကြိုနှင့် ဆိပ်ဖြူမြို့တို့တွင် အများဆုံး စိုက်ပျိုးကြပြီးတစ်ဧက လျှင် တစ်တင်းကျ စိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၁၄) တင်းမှ (၁၅)တင်းထိထွက်ရှိကြောင်း စိုက်တောင်သူများထံမှ သိရှိရပါသည်။ ပဲယင်းနီကို အောက်တိုဘာ လကုန် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် စတင်ရိတ် သိမ်းကြ ပါသည်။
၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ(ပထမပတ်)စ၍ ဈေးကွက်အတွင်းသို့ ဝင်ရောက် အရောင်းအဝယ်ဖြစ် နေကြောင်း၊ တစ်တင်းလျှင်ကျပ် (၆၉၀၀၀)၊(ဒုတိယပတ်)တွင် တစ်တင်းလျှင်ကျပ် (၆၉၅၀၀)ဖြစ်ပြီး (တတိယပတ်)တွင် တစ်တင်း လျှင်ကျပ် (၇၀၅၀၀)ဖြစ်ခဲ့ပြီး ယခုမတ်လ(စတုတ္ထပတ်)တွင် တစ်တင်း လျှင်ကျပ် (၈၉၅၀၀)ဖြစ်၍ ယခင်ဖေဖေါ်ဝါရီလ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ် (၁၉၀၀၀)ခန့် ဈေးတက်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ တစ်နေ့လျှင် (၅၀ မှ ၁၀၀)ထိဖြစ်နေပြီး တင်ပို့မှုအနေဖြင့် တစ်လလျှင်အိတ်ရေ (၃၅၀၀)တင်ပို့နေ ကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)
