မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်ကြီးများသို့ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ (လ/ထညွှန်ကြားရေးမှူး)သည် (၂၃.၃.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၂:၃၀)အချိန်တွင် စက်သုံးဆီအမျိုး အစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ သည် မကွေးမြို့၊ နတ်မောက်လမ်းရှိ DENKO- 1 ဆီဆိုင်၊ တောင်တွင်းလမ်းရှိ DENKO- 2 ဆီဆိုင်နှင့် Max- 2 ဆီဆိုင်တို့အနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ရောက်ရှိမှု၊ ဖြန့်ဖြူးမှုအား ညွှန်ကြားချက် များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချစေရေး၊ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ  စစ်‌ဆေးခဲ့သည့် ဆိုင်များတွင် စုံ/ မ ခွဲခြားထားသည့် စည်းကမ်းချက်နှင့်အညီ သတ်မှတ်ရက်ကျရောက်သည့် “မ” ကား/ ဆိုင်ကယ်တို့အား စက်သုံးဆီရောင်း ချရာတွင် ဆိုင်ကယ်တစ်စီးလျှင် (၇၀၀၀)ကျပ်၊ အိမ်စီးကားတစ်စီးလျှင် (၅၀၀၀၀) ကျပ်၊ ခရီးသယ် ယာဉ်ကားတစ်စီးလျှင် (၁၀၀၀၀၀)ကျပ်တို့ဖြင့် စနစ်တကျရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ ရှိရပါသည်။

DOCA(မကွေး)