
ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့်မြို့ပေါ်ရှိစက်သုံးဆီဆိုင်များသို့ (၂၀.၃.၂၀၂၆)ရက်နေ့၊ နေ့လည် ၁၄:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၂၀.၃.၂၀၂၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၃၇၂၅)ကျပ်၊ 95 Octance(၃၉၆၀)ကျပ်၊ ရိုးရိုးဒီဇယ်(၄၅၀၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၄၉၃၅)ကျပ် ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၇၈၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၉၁၅)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၁၁၈၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၂၆၀) ကျပ် ဈေးနှုန်းများတက်ခဲ့ကြောင်း သိရှိရသည်။
မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။
DOCA(မန္တလေး)
