
ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၆)အစည်းအဝေးကို ၂၀၂၆ခုနှစ်၊ မတ်လ (၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရမှုမရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ပြည်နယ်စားသုံးသူရေးရာ ကော်မတီရဲ့ကြီးကြပ်မှုနဲ့အညီ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်မှုများအပြင် မြန်မာစာကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသော အချက်အလက်များစိစစ်စစ်ဆေးမှုဆောင်ရွက်ခြင်း ၊ထုတ်ကုန်လုံခြုံ စိတ် ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကြိုတင်စစ်ဆေးခြင်း၊ စားသုံးသူအငြင်းပွားမှု ဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်သော တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက် လျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ကြားသတ်မှတ်ပေးပြီးဖြစ်ရာ လိုက်နာ ဆောင်ရွက်သွားကြရန်၊ ခရိုင်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုလည်း သတ်မှတ်ချက်များအတိုင်း ကျင်းပဆောင်ရွက်သွားပြီး မိမိခရိုင်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးရွှေဖြူက(၂/၂၀၂၆)၏ အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ Imperson ဖြင့် (၁၇)ဦး၊ Virtual ဖြင့် (၁၆) ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၄း၀၅) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)
