
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ(၁)ရက်မှ (၁၅)ရက်အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် နဝင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်ဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရှိ တိုင်းရင်းဆေးအမျိုးမျိုး ရောင်းချနေသည့်ဆိုင်များသို့လည်းကောင်း၊ တည်ကုန်းတောင်ပိုင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ဘူးသွပ်ဆီအမျိုးမျိုး ရောင်းချနေသည့် ဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် ဈေးအတွင်းရှိ ဘူးသွပ်စားသုံးဆီအမျိုးမျိုး ရောင်းချနေသည့်ဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ တိုင်းရင်းဆေးအမျိုးမျိုး ရောင်းချနေသည့်ဆိုင်များသို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
