
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ မတ်လ(၁၂)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ် ငန်းရှင်များအား ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပြည်တွင်းထုတ် စားသုံးဆီအမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အား ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ ဖော်ပြရန် ရည်ရွယ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil Cooking Oil) များအား ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယနေ့အထိ ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်မှု အားနည်းနေသည့်အတွက် မိမိတို့အား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လစဉ်လတိုင်း စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးနေရခြင်းဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိသော ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပြည်တွင်းထုတ် စားသုံးဆီအမျိုးမျိုးတို့ ရောင်းချနေခြင်းရှိ/ မရှိ ပူးပေါင်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
