
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၃.၃.၂၀၂၆)ရက်နေ့၊ မွန်းလွှဲ(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံမှာ ကမ္ဘာ့စားသုံးသူများနေ့ ကိုအစပြုခဲ့ကြတာကတော့ အနောက်နိုင်ငံသားများဖြစ်ကြောင်း၊ (၁၉၆၀)နောက်ပိုင်းလောက်မှာ အနောက်နိုင်ငံသားတွေဟာ စားသုံးသူများကိုကာကွယ်ပေးရန်နှင့် စားသုံးသူအခွင့်အရေးများ ရရှိနိုင်စေရေးတို့အတွက် အရေးဆိုမှုများကိုတွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာခဲ့ကြပြီး အနောက်နိုင်ငံသားတွေရဲ့ အရေးဆိုဆောင်ရွက်မှုတွေရှိလာတဲ့အပေါ်အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီက(၁၉၆၂)ခုနစ်၊ မတ်လ(၁၅)ရက်နေ့မှာ ကျင်းပပြုလုပ်သည့် ကွန်ဂရက်လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် “စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သည့်အချက်အလက်များအား”အလေးထားထည့်သွင်းပြောကြားရာမှအစပြုပြီး နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်းစားသုံးသူများ၏အခွင့်အလမ်းများကို ဂရုပြုကာအလေးထားမြှင့်တင်သည့်အနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အခမ်းအနားအား အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(ConsumerInternational)မှဦးဆောင်၍နှစ်စဉ်နှစ်တိုင်းကျင်းပဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေရေးဆွဲပြဌာန်းခြင်းများကို ၂၀၁၄ခုနှစ် တွင် စတင်၍ နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”(World Cosumer Right Day) ကို ကျင်းပခဲ့ရာ ယခုနှစ်တွင် (၁၁) နှစ်သို့ပြည့်မြောက်ခဲ့ပြီး၊ စာတမ်းများဖက်ကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊Billboardများ စိုက်ထူခြင်းနှင့် Media Campaignများ ပြုလုပ်ခြင်းစသည့် လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးများနေ့အကြောင်းကို အသိပညာပေးTalk Showတွင် အကျယ်တဝံ့ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
