
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံ ဦးညီလွင်အေး သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူများနေ့အကြောင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သိသင့် သိထိုက်သော အချက်များကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ သိလိုသည် များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ၊ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံမှာ“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အထိမ်းအမှတ်အခမ်းအနားများ ကျင်းပနေမှုအခြေအနေများ၊ အာဆီယံနိုင်ငံများနှင့်ပူးပါင်းဆောင်ရွက်မှု အခြေအနေနဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေ ပြဌာန်းမှု အခြေအနေများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
