အသင့်သောက် ကော်ဖီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော စတိုးဆိုင်၊ ကုန်မျိုးစုံရောင်းချနေသော ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မိမိတို့ ရောင်းချနေသော ကုန်စည်များမှ အသင့်ဖော်သောက်သုံရန် ကော်ဖီမစ်နှင့် လက်ဖက်ရည်အမျိုးမျိုးတို့တွင် အမိန့်ညွှန်ကြားချက်(၂/၂၀၂၉)ဖြင့် ကိုက်ညီမှု ရှိ/ မရှိအား လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေး လျက်ရှိပါသည်။ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်   သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး  ညောင်တုန်းမြို့ပေါ် ဆိုင်များအား ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်က ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင်  ဈေးကွက်အတွင်း  အသင့်ဖျော်ကော်ဖီမစ်နှင့် လက်ဖက်ရည်အမျိုးမျိုး ရောင်းချသော ကုန်မျိုးစုံဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ ကုန်စည်အုပ်စု(၈)မျိုးကို ဈေးကွက်စောင့် ကြည့်စစ်ဆေးရန် ထုတ်ပြန်ချက် (၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး ညောင်တုန်းမြို့နယ်အတွင်းရောင်းချသော ကော်ဖီမစ်နှင့် လက်ဖက်ရည်ထုတ်အမျိုးမျိုး ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရာ၌ "စီးပွားရေးလုပ်ငန်းရှင်များ" လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့်အညီ ထုတ်လုပ်ရောင်းချနေကြောင်း တွေ့ရှိရပြီး ရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကုန်စည်အချက်အလက်များကို တိကျစွာသိရှိနိုင်ရန်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြပါရှိသော ကုန်စည်ကိုရောင်းချစေခြင်း၊ စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့် တာဝန်များအကြောင်းကို သိရှိစေရန် မှာကြားဆွေးနွေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)