
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး(ဦးစီးမှူး) သည် ( ၉.၂.၂၀၂၆) ရက်နေ့တွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ရှိ အောင်ခေတ်ဆန်း အကြော်စုံလုပ်ငန်း၊ ဘုန်းပြည့် တို့ဟူးခြောက်ကြော်လုပ်ငန်း၊ ရှင်းသန့်ကြည် အကြော်စုံလုပ်ငန်း၊ စည်းစိမ်ရှင်အာလူးကြော်လုပ်ငန်း၊ Star အာလူးကြော်လုပ်ငန်း၊ ကမ္ဘာကျော် မုန့်လုပ်ငန်း၊ ဂူးဂူး နို့မလိုင်လုပ်ငန်းများနှင့် (၂၀.၂.၂၀၂၆) ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ “ရွှေကြယ်” အမှတ်တံဆိပ် ရေသန့်လုပ်ငန်း၊ City အမှတ်တံဆိပ် ရေသန့်လုပ်ငန်း၊ Ayar Myanmar အမှတ်တံဆိပ် ရေသန့်လုပ်ငန်း၊ Tiger အမှတ်တံဆိပ် ရေသန့်လုပ်ငန်း၊ ဆင်မင်း အမှတ်တံဆိပ်ရေသန့်လုပ်ငန်း၊ ရွှေပုပ္ပါး အမှတ်တံဆိပ် ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
