
စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်လျောညီထွေမှုရှိစေရန် သင်ခန်းစာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် အသိပညာပေးခြင်း၊ www.doca.gov.mm Website မှတစ်ဆင့် အသိပညာပေးခြင်းနှင့် စားသုံးသူများသို့ တိုက်ရိုက်အသိပညာပေးခြင်းစသော နည်းလမ်းများဖြင့်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုဆက်သွယ်ရေးနည်းလမ်းဖြစ်သော Talk Show အစီအစဉ်ကို (၉.၂.၂၀၂၆) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ခင်သီရိပြည့်စုံက စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် ဘဏ်အကောင့်အချက်အလက်များ၊ Debit/ Credit ကတ်၊ ဘဏ် ကတ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ၏ လုပ်ငန်းစဉ် နံပါတ်၊ OTP နှင့် PIN တို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန်၊ ဘဏ်လုပ်ငန်းနှင့်ဝန် ဆောင်မှုလုပ်ငန်းတို့၏ Call Centerနှင့် အပြာရောင်(Blue Mark) ရရှိထားသည့် Facebook Page တို့ တွင်သာ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆက်သွယ်မေးရန်နှင့် ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ်ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့် ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို အသိပေးပြောကြားခြင်းမပြုကြပါရန် စားသုံးသူရေးဦးစီးဌာနမှတိုက်တွန်းနှိုးဆော်ထားပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
