
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တာဝန်ခံသည် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် မြင်းမူမြို့၊ အောင်ဇေယျရပ်ရှိ “ချမ်းသာ” ဆီစက်လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြင်းမူမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးမြို့ရှိ Mandaly Global Network Distribution Co;Ltd စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရရှိသော စားအုန်းဆီများကို ရပ်ကွက်/ကျေးရွာနေပြည်သူများသို့ ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းဈေးအပေါ်တွင် ၂% အမြတ်ပေါင်း၍ ရောင်းချရန်နှင့် ၎င်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
