ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်း 

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၂၃.၂.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် ရွှေပြည်သာမြို့နယ်ရှိ ရွှေဧရာနဒီအမှတ် တံဆိပ် ထုတ်လုပ်သော ဝေဖာ၊ ကိတ်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပလျဉ်း၍ ဈေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးသိန်းကို၊ အကြီးတန်းစာရေးက ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော ရွှေဧရာနဒီအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ဝေဖာ၊ ကိတ်တို့တွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်စေရေး အထူးအလေးထားလုပ်ဆောင်ကြရန်၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်တို့အတွက် လုပ်ငန်းခွင်များသို့ ဈေးကွက်မရောက်မီကုန်စည်များအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များဘက်မှလည်း မှန်ကန်သည့်နည်းလမ်းများ၊ ဥပဒေများနှင့်အညီ အချိန်မီပြင်ဆင်ထုတ်လုပ်လာစေနိုင်ပြီး ဈေးကွက်အတွင်း၌လည်း လုံခြုံစိတ်ချရသော ကုန်စည်များကိုသာ စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။ 

DOCA (ရန်ကုန်)