
အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်တက်၍ ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သည့်နိုင်ငံ အဖြစ် ရပ်တည်လာခဲ့ပြီး ၎င်း၏ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး၏ ခိုင်မာမှုနှင့် စုံလင်ကွဲ ပြားမှုကို မီးမောင်းထိုးပြနေသည်။ စုစုပေါင်း ဆန်ထွက်ရှိမှုသည် တန်ချိန် ၁,၂၄၅.၀၄ သိန်း ရှိပြီး နိုင်ငံ၏ ထုတ်လုပ်မှု အောင်မြင်ရခြင်းမှာ သင့်လျော်သော ရာသီဥတုအခြေအနေ၊ တိုးချဲ့လာသော ဆည်မြောင်းစနစ်များနှင့် အစိုးရဝယ်ယူမှုယန္တရားများ ကောင်းမွန်သည့် ပြည်နယ်အချို့၏ စွမ်း ဆောင်ရည် မြင့်မားမှုကြောင့် ဖြစ်သည်။
စပါးသီးနှံကို မိုးရေချိန်လုံလောက်စွာရရှိခြင်း၊ မြစ်ချောင်းများပေါများခြင်းနှင့် ဆည်မြောင်း ကွန်ရက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိခြင်းတို့ကို ပိုင်ဆိုင်ထားသည့် ပြည်နယ်များတွင် စိုက်ပျိုးကြ သည်မှာ သတိပြုသင့်သည့် အချက်တစ်ရပ် ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုတွင် Uttar Pradesh ပြည်နယ်သည် တန်ချိန် ၁၉၄.၁ သိန်း ဖြင့် ဦးဆောင်နေပြီး ၎င်း၏နောက်တွင် Punjab ပြည်နယ်က တန်ချိန် ၁၃၆.၆၇ သိန်းဖြင့် ဒုတိယ လိုက်နေကြောင်း၊ စံပြုစိုက်ပျိုးရေးနည်းစနစ်များနှင့် အစိုးရ၏ အာမခံချက်ရှိသော ဝယ်ယူမှုစနစ် တို့သည် ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ဖြစ်စေကြောင်း၊ အနောက် ဘင်္ဂလားပြည်နယ်သည်လည်း စပါးရာသီများစွာ စိုက်ပျိုးနိုင်ခြင်းကြောင့် တန်ချိန် ၁၁၈.၅၄ သိန်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသည်လည်း ဆန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ Madhya Pradesh ပြည်နယ်တွင် ဆန်တန်ချိန် ၉၇.၁၁ သိန်းနှင့် Telangana ပြည်နယ်တွင် ဆန်တန်ချိန် ၉၆.၃၅ သိန်းထွက်ရှိခဲ့ကြောင်း၊ အဆိုပါ ပြည်နယ် များသည် မကြာသေးမီနှစ်များအတွင်း ထုတ်လုပ်မှုပမာဏကို လျင်မြန်စွာ တိုးချဲ့လာနိုင်ခဲ့ကြ ကြောင်း၊ အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ဆန်စပါးသည် အရေးပါ သော သီးနှံအဖြစ် ဆက်လက်တည်ရှိနေပြီး Chhattisgarh ပြည်နယ်သည် ဆန်တန်ချိန် ၈၉.၁၇ သိန်း၊ Odisha ပြည်နယ်သည် ဆန်တန်ချိန်၈၄.၅၄သိန်း၊ Bihar ပြည်နယ်သည် ဆန်တန်ချိန် ၈၂.၄၉သိန်းနှင့် Haryana ပြည်နယ်သည် ဆန်တန်ချိန် ၆၃.၇၁သိန်း ထွက်ရှိပြီး အဆိုပါပြည်နယ် များသည် ကျန်ရှိသော ထိပ်တန်း ဆန်ထုတ်လုပ်သူများအဖြစ် ရပ်တည်နေကြကြောင်း သိရှိရ သည်။
Source: Vietnam Net Global, 19 January 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
