ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ၏၂၀၂၅ခုနှစ် (၁)နှစ်လုံးတွင်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်ကြသော နှမ်းနှင့် မြေပဲသီးနှံများအား အဓိကထား၍စိုက်ပျိုးကြပြီး နေကြာကို  ယခင်က နေကြာကို အနည်းငယ်သာစိုက်ပျိုးကြပြီး ယခုနောက်ပိုင်းကာလများတွင် ပြည်တွင်းစားသုံးဆီ ဖူလှုံမှုရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုးလာကြပါသည်။ နေကြာကို ဧကပြတ်စိုက်ပျိုးကြသလို ပဲမျိုးစုံ စိုက်ခင်းများထဲတွင်လည်း သီးထပ် သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။  နေကြာထွက် ရှိမှုနည်းသဖြင့် ပြည်မြို့ရှိ ဆီစက်များအနေဖြင့် နေကြာဆီကြိတ်ခွဲထုတ်လုပ်မှုမှာလည်း မရှိသလောက်နည်းပါးကြပါသည်။ ၂၀၂၅ခုနှစ် နှစ်ကုန်ခါနီးဖြစ်၍ တစ်နှစ်လုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲ၏ ဈေးနှုန်းများကို အောက်ပါအတိုင်း ဖော်ပြလိုက် ရပါသည်-

စဉ်

လအမည်

နှမ်းနီ

တင်းဈေး

နှမ်းနက်

တင်းဈေး

စမုံနက်

တင်းဈေး

မြေပဲဆီဆန်

ပိဿာဈေး

မြေပဲလုံးဆန်

ပိဿာဈေး

၂၀၂၅ဇန်နဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၈၅၀၀-၈၄၀၀

၈၈၀၀-၈၇၀၀

ဖေဖော်ဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၈၅၀၀-၈၄၀၀

၈၈၀၀-၈၇၀၀

မတ်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၇၇၀၀-၇၅၀၀

၈၄၀၀-၈၂၀၀

ဧပြီလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၂၀၀-၈၀၀၀

၉၀၀၀-၈၇၀၀

မေလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၈၀၀-၈၅၀၀

၁၀၀၀၀-၉၅၀၀

ဇွန်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

ဇူလိုင်

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

ဩဂုတ်လ

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

စက်တင်ဘာ

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

၁၀

အောက်တိုဘာ

၁၁၀၀၀၀

၂၀၀၀၀၀

၂၃၀၀၀၀

၆၈၀၀-၆၈၀၀

၇၄၀၀-၇၄၀၀

၁၁

နိုဝင်ဘာ

၁၁၀၀၀၀

၁၇၀၀၀၀

၂၃၃၀၀၀

၇၆၀၀-၇၇၀၀

၈၁၀၀-၈၁၀၀

၁၂

ဒီဇင်ဘာ

၁၁၀၀၀၀

၁၇၀၀၀၀

၂၂၀၀၀၀

၇၈၀၀-၇၆၀၀

၈၅၀၀-၈၂၅၀

          ၂၀၂၅ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နှမ်းဈေးနှုန်းများမှာ နှမ်းနီဈေးမှာ နှစ်စဖြစ်သော ဇန်နဝါရီလ မှစ၍ တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် စက်တင်ဘာလအထိ ဈေးပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေခဲ့ပါသည်။ အောက်တိုဘာလမှစ၍ ဒီဇင်ဘာလအထိ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်ဖြင့် ဈေးကျဆင်း လာခဲ့ပါသည်။ နှမ်းနက်ဈေးမှာလည်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်း လျှင် (၁၇၃၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ဇူလိုင်လမှ စက်တင်ဘာလအထိ တစ်တင်းလျှင်း (၂၂၀၀၀၀)ကျပ်ဖြင့် နှမ်းနက်ဈေးများပြန်လည်မြင့်တက်လာပြီး အောက်တိုဘာလတွင် တစ်တင်းကို (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်ပြန်ကျလာပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တစ်တင်းကို (၁၇၀၀၀၀)ကျပ်ဖြင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးများကျဆင်းလာခဲ့ပါသည်။ စမုံနက်နှမ်းဈေးများမှာလည်း နှစ်စဖြစ်သော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်းကို (၂၁၆၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးငြိမ်ပြီး ဈေးကျလာခဲ့ပါသည်။ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် တစ်တင်းလျှင် (၂၅၀၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဆုံးထိမြင့်တက်လာခဲ့ပြီး အောက်တိုဘာလတွင် တစ်တင်းကို (၂၃၀၀၀၀)ကျပ်ဖြင့် ဈေးပြန်ကျလာပြီး၊ နိုဝင်ဘာလတွင် (၂၃၃၀၀၀)ကျပ်ဖြင့် အနည်းငယ် ပြန်မြင့်သရောင်ဖြစ်လာပြီး ဒီဇင်ဘာလတွင် တစ်တင်းကို (၂၂၀၀၀၀)ကျပ်ဖြင့် များပြန်လည်ကျဆင်းလာတာ တွေ့ရပါသည်။

          မြေပဲဈေးနှုန်းများအနေဖြင့်လည်း ပုံမှန်မရှိဘဲ အတက်အကျ အနည်းငယ်ရှိတာ တွေ့ရပါသည်။ မြေပဲဆီကြိတ်ဆန် ဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လတွင် တစ်ပိဿာကို (၇၀၀၀)ကျပ်ကျော်ဖြင့် ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါသည်။ ထို့နောက် ဧပြီလမှ စက်တင်ဘာလအထိ တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပြီး အောက်တိုဘာလတွင် ဈေးပြန်လည်ကျဆင်းလာပြီး တစ်ပိဿာကို (၆၀၀၀)ကျပ်ကျော် ထိရောင်းချခဲ့ပါသည်။ နိုဝင်ဘာလ နှင့်ဒီဇင်ဘာလတို့တွင် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ကျော် ဈေးနှုန်းများပြန်လည်မြင့်တက်လာခဲ့ပါသည်။  ထို့အတူ မြေပဲလုံးဆန်ဈေးမှာလည်း ဇန်နဝါရီလ မှမတ်လအထိ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ကျော်၊ ဧပြီလတွင် (၉၀၀၀)ကျပ် မှ မေလတွင် တစ်ပိဿာကို (၁၀၀၀၀)ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ဇွန်လမှ စက်တင်ဘာလတွင် တစ်ပိဿာကို (၉၀၀၀)ကျပ်ကျော် ပြန်ဖြစ်သွားပြီး၊ အောက်တိုဘာလတွင် (၇၀၀၀)ကျပ်ကျော်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် ဈေးအနည်းငယ်ပြန်မြင့်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပြည်ခရိုင်၊ ပြည်ဈေးကွက်တွင် ၂၀၂၅ခုနှစ် (၁)နှစ်လုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲဈေးနှုန်းများကို လေ့လာကြည့်ခြင်းအားဖြင့် ဝယ်လိုအားများလျှင် များသလိုအရောင်းအဝယ်ဖြစ်ပြီး ဈေးမြင့်တက်လာခဲ့တာတွေ့ရပါသည်။ စမုံနက်နှမ်းကို မန္တလေး၊ ရန်ကုန်ဝယ်လက်များက အဝယ်ရှိခြင်း၊ နှမ်းနက်ကို ဒေသတွင်းသာ ဝယ်ယူမှုရှိခြင်း၊ နှမ်းနီကို ဆီစက်သမားများကိ ဆီကြိတ်ရန်ဝယ်ယူမှုရှိကြပါသည်။ မြေပဲဆန်ကိုလည်း အောင်လံနှင့် မကွေးဘက်မှ ပြန်လည်ဝယ်ယူတာတွေ့ရပါသည်။ ထို့ကြောင့် ပြည်တွင်း သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေပဲနှင့် နှမ်းကိုမျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရေအသွေးကောင်းသော ဆီထွက်သီးနှံများရရှိလာနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)