တောင်သာမြို့နယ်၏၂၀၂၅/၂၀၂၆မိုးနေကြာစိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု

Powered by Drupal

    မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ မေလ၊ ဇွန်လနှင့် ဩဂုတ်လတို့တွင် စတင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း သိရှိရသည်။  ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးနေကြာ ကို တစ်မြို့နယ်လုံးအနေဖြင့် စီမံကိန်းသီးနှံ (၄၇၅) ဧကလျာထား ချက်၌ စိုက်ပျိုးထားရှိမှုဧက (၅၀၂) ဧက စိုက်ပျိုးထားရှိမှုတွင် ရိတ်သိမ်း (၁၂၀)ဧကရိတ်သိမ်း ထားရှိပြီး ဖြစ်ကြောင်း၊ ရိတ်သိမ်း ရန်ကျန်ရှိသောဧကများ ဇန်နဝါရီလတွင်ဆက်လက် ရိတ်သိမ်း နေပြီ ဖြစ်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၃၀,၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့်(၂၃-၂၄)တင်းခန့် ထွက်ရှိ ခဲ့ကြောင်း၊ ယခု ထွက်ပေါ်ချိန်တွင် ဆီနေကြာ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ခန့် ပေါက်ဈေး များရှိခဲ့ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၅၆၉,၀၀၀)ကျပ်ခန့်ရရှိကြောင်း၊  တောင်သူများ အနေဖြင့် နေကြာ သီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုး ကြကြောင်း၊ မိုးနေကြာစိုက်ပျိုး ထားရှိသော ကျေးရွာများမှာ ထန်းပင်ကန်ရွာ၊ နန်းတည်ရွာ၊ ဆည်ကုန်းရွာ၊ မင်းစုရွာ၊ ရုံးတောရွာနှင့် ဝဲလောင်းကျေးရွာများတွင် စိုက်ပျိုးထား ကြောင်း၊  တောင်သာမြို့နယ်၌ နေကြာဆီကြိတ်ခွဲ ထုတ်လုပ် ခြင်းမရှိကြောင်း၊ ‌ကျေးရွာ များမှထွက် ရှိသော နေကြာများကို မြင်းခြံမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်း ချကြောင်း၊ အကျိုးအမြတ် များလည်းရရှိကြောင်း မိုးနေကြာစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ 

DOCA( မန္တလေး)