
မန္တလေးစျေးကွက်တွင် စားဖိုဆောင်ဟင်းလျာတစ်မယ်ဖြစ်သည့် ဆောင်းရာသီစာ ချဉ်ပေါင်ဖူးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ချဉ်ပေါင်ဖူးကို ဟင်းအဖြစ်ကြော်စားခြင်း၊ ချက်စားခြင်း၊ ထောင်းစားခြင်း၊ အခြောက်ခံ၍ ချဉ်ပေါင်ဖူးရေနွေးကြမ်းအဖြစ်သောက်သုံးခြင်း၊ ယိုထိုးခြင်း၊ ချဉ်ပေါင်ဖျော်ရည်၊ ချဉ်ပေါင်ဖူး ဂျယ်လီ၊ ဖျော်ရည်မှုန့်၊ ရှာလကာရည်၊ဖျော်ရည်မှုန့်၊ သောက်ဆေးများ၊ ချဉ်ပေါင်ဖူးဝိုင်၊ ချိုချဉ်၊ တော်ဖီ၊ သရေစာမုန့်၊ မျက်နှာပေါင်းတင်မှုန့်တို့ ပြုလုပ်စားသုံးကြကြောင်း သိရှိရပါသည်။ ချဉ်ပေါင်ဖူးများအား စျေးကွက်အတွင်း ပြည်ချိန်ဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ချဉ်ပေါင်ဖူးစျေးနှုန်းမှာ တစ်ပိဿာလျှင် လက္ကားစျေး ၆၀၀ဝိ/-နှင့် ၆၅၀ဝိ/-၊ လက်လီစျေး ၇၀၀ဝိ/-နှင့် ၇၅၀ဝိ/-စျေးတို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
