မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ငရုတ်သီးစိမ်းဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် အခြားတိုင်းဒေသကြီးမှ ထွက်ရှိသော ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘို မြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီးဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင် (၆၀၀)ကျပ်၊  အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ခရမ်းသီး(၁) ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်နှင့် ငရုတ်သီးစိမ်း(၁)ပိဿာလျှင် (၃၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ဒီဇင်ဘာလတတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း ဂေါ်ရခါးသီး(၁)လုံးလျှင်(၁၀၀)ကျပ်နှင့် ခရမ်းသီး(၁) ပိဿာလျှင်(၃၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ငရုတ်သီးများကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသည့်  လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)