ကုန်သွယ်ရေး၊ ကားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည့် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်

Powered by Drupal

     Intergovernmental Committee မှတစ်ဆင့် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်တို့သည် နယ်ပယ်အားလုံး အထူးသဖြင့် စီးပွားရေး-ကုန်သွယ်ရေးနှင့် သိပ္ပံ-နည်းပညာပူးပေါင်းဆောင်ရွက်မှု တို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဆက်လက်နက်ရှိုင်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဒုတိယဝန်ကြီး Phan Thi Thang က ပြောကြားခဲ့ပါသည်။ Thang က ထိုအကြောင်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် စီးပွားရေး- ကုန်သွယ်ရေးနှင့် သိပ္ပံ-နည်းပညာနှင့်ပတ်သတ်၍ကျင်းပသည့် ၈ ကြိမ်မြောက် ဗီယက်နမ်- ဥဇ ဘက်ကစ္စတန် Intergovernmental Committee တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။ အစည်းအဝေးတွင် ဥဇဘက်ကစ္စတန် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် ကုန်သွယ်ရေးဒုတိယ ဝန်ကြီး Ilzat Kasimov က ၎င်းတို့သည် ဗီယက်နမ်အား ဒေသတွင်အရေးပါသောဦးစားပေး မိတ် ဖက်ဟု ယူဆကြောင်း၊ Intergovernmental Committee မှတစ်ဆင့် နှစ်နိုင်ငံစလုံး၏ ဝန်ကြီး ဌာနများနှင့် ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်လိုအပ်ပြီးထိုမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများအား တစ်ဖက်ခြင်းစီ၏ အလားအလာနှင့် အခွင့်အရေးများကို ပိုမိုအသုံးချ နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥဇဘက်ကစ္စတန်သည် ဗီယက်နမ် လုပ်ငန်းများအား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် သင့်လျော်သော အခြေအနေများကို ဖန်တီးပေးရန် ကတိပြုခဲ့ပြီး အပြန်အလှန်ကုန်သွယ်ရေးကြီးထွားမှု ဆက် လက်မြှင့်တင်ရန်အတွက် Intergovernmental Committee ၏မူဘောင်အတွင်း ကုန်သွယ်ရေး အပေါ် ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်ရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် အဓိကဧရိယာများတွင် လတ်တလောပူးပေါင်းဆောင်ရွက်မှုအဆင့်၊ အကျိုးကျေးဇူးများ၊ အခက် အခဲများ၊ အခွင့်အလမ်း များနှင့် စိန်ခေါ်မှုများအပေါ် ပြန်လည်ဆန်းစစ်ခဲ့ကြောင်း သိရပါသည်။ ကိုယ်စားလှယ်များက ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်သည် စိုက်ပျိုးမွေးမြူရေး- စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်ပြုပြင် ထုတ်လုပ်ခြင်း၊ အပေါ့စားလုပ်ငန်းများ၊ ကားထုတ်လုပ်ခြင်း၊ သယ်ယူပို့ ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားနှင့် ရိုးရာယဉ်ကျေးမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အတွက်ကြီးမားသောအလားအလာကို ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပြု ခဲ့ကြပါသည်။ ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏အဆိုအရ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန် အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ ၂၀၂ သန်းရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၆.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်က အမေရိကန်‌ဒေါ်လာ ၁၂၈ သန်း တန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၃.၃၈ သန်းတန်ဖိုးတင်သွင်းခဲ့ကြောင်းသိရပါသည်။ ဥဇဘက်ကစ္စတန်သို့ ဗီယက်နမ်၏ အဓိကပို့ကုန်များတွင် ဖုန်းများနှင့် အစိတ်အပိုင်းများ၊ ကွန်ပျူတာများ၊ အီလတ်ထရောနစ်ထုတ်ကုန် များနှင့် အစိတ်အပိုင်းများ၊ စက်ပစ္စည်းများနှင့် အစိတ် အပိုင်းများ၊ ရာဘာထုတ်ကုန်များ၊ သီဟိုဠ်စေ့ များနှင့် ကားအစိတ်အပိုင်းများပါဝင်ကြောင်း သိရပါ သည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ဓာတ်မြေဩဇာများ၊ အဝတ်အထည်နှင့် အထည် အလိပ်များ၊ သားရေနှင့် ဖိနပ်များ၊ ချည်မျှင်များကို ပြန်လည်တင်သွင်းကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုတွင် ဗီယက်နမ်သည် စုစုပေါင်းမတည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၄၃ သန်းတန်ဖိုးရှိသော စီမံကိန်း ၅ ခုပိုင်ဆိုင်ထား ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)